ရွာငံ ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် Oxygen Plant တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းမှ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွက် လိုအပ်သည့်အောက်ဆီဂျင်ကို ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ အောက်ဆီဂျင်စက်တည်ဆောက်ရာတွင် လိုအပ်ချက်များကို Projectorဖြင့် အဆင့်ဆင်ရှင်းလင်းပြသပြီး ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအပိုင်းများကိုလည်း အလေးထားဆောင်ရွက်စေလိုကြောင်းကို အဖွင့်အမှာစကားပြောကြားပြီး ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက Oxygen Plant တည်ဆောက်နိုင်ရေးနှင့်ပက်သက်၍ ဆောင်ရွက်ထားရှိသည်များကို ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် တက်ရောက်လာကြသော မြို့မိမြိဖများ၊ ဒေသခံလုပ်ငန်းရှင် ပြည်သူများကလည်း အောက်ဆီဂျင်စက်တည်ဆောက်ဝယ်ယူနိုင်ရေးအတွက် မိမိတို့၏ဆန္ဒနှင့်သဘောထားအမြင်များကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE(၅၀)စုံ၊ Hand Gel(၂၀)ဘူးနှင့် ပိုးသတ်ဆေး(၄)ပုံးတို့ကို ထောက်ပံ့ပေးအပ်ရာ ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက လက်ခံရယူသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးသန့်