ရေတာရှည် သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးတိုက်တွန်းနှိုးဆော်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
အေးဆု