မချမ်းဘော့မြို့၌ ခရီးသွားလာသူများအား စစ်ဆေးမေးမြန်း ဆောင်ရွက်မှုနှင့် ပြည်သူများနေ့စဉ် သိရှိလိုက်နာစေရန် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့်အသိပေးလှည့်လည်ကြေညာ

မချမ်းဘော့  ဩဂုတ် ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်မှု လျှော့ချနိုင်ရေးအတွက် ခရီးသွားပြည်သူများအား လိုက်နာဆောင်ရွက်မှုအခြေအနေအား စစ်ဆေးမေးမြန်းဆောင်ရွက်မှုနှင့် နေ့စဉ်ပြည်သူများ သိရှိလိုက်နာစေရန် အသွားအလာကန့်သတ်မှုပါ စည်းကမ်းချက်များအား ယမန်နေ့ မွန်းလွဲ ၂နာရီမှစတင်၍ အသံချဲ့စက်ဖြင့် အသိပေးလှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်ရဲမှူး ဦးခင်မောင်၀င်းနှင့် တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ ဦးဆာဟူးဒီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖုန်ကူးခါ့မိုင်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် ယခုထိရောဂါပိုးတွေ့ရှိသူပေါင်း(၁၁)ဦး ရှိလာပြီဖြစ်၍ ရောဂါပိုးကူးစက်မှုများကို သိသာစွာလျှော့ချနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်နေ့မှ ၂၄ရက်နေ့အထိ အသွားအလာကန့်သတ်စည်းကမ်း ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး သတ်မှတ်ဆောင်ရွက်ခဲ့မှုအပေါ် မချမ်းဘော့မြို့နယ် အတွင်းရှိပြည်သူများအနေဖြင့် အသွားအလာကန့်သတ်ထားခြင်းနှင့်သတ်မှတ်စည်းကမ်းများအား လိုက်နာမှု ရှိ/မရှိစစ်ဆေး ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်စည်းကမ်းများအားလိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်