Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုက်ကြီးမြို့နယ် မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးနေမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Aug 14,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာအုပ်စုရှိ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ်မြောက် ဆက်လက် ထုတ်ချေးပေး
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်သူ များနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေနိုင်ရန် ၊ ရရှိလာသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်မြောက်ဆက်လက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Aug 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ကကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် လေဘေးသင့် အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Aug 14,2021
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် အတွင်းရှိမသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဌာနမှ ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများ၏ နေအိမ် အရောက် သွားရောက်၍ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့တွင် mask များ အခမဲ့ဖြန့်ဝေ
Aug 14,2021
ကွမ်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ mask များ အခမဲ့ဖြန့်ဝေခြင်းကို မြို့မဈေး၌ ယနေ့နံနက် ၆နာရီခွဲ အချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် မြို့နယ်ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်- ၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများသိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာလတွင် ခက်ခဲနေသော အိမ်ထောင်စု(၁၀၀၀)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် အခြား စားသောက်ဖွယ်များလှူဒါန်း
Aug 14,2021
ပြည်သူမှပြည်သူသို့ မျှဝေလှူဒါန်းခြင်း အစီအစဉ်တစ်ခုအဖြစ် မေမေဖောင်ဒေးရှင်းမှ ကိုဗစ်ကာလတွင် ခက်ခဲနေသော အိမ်ထောင်စု(၁၀၀၀)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့်အခြားစားသောက်ဖွယ်များ လှူဒါန်းခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉လမ်းရှိ မေမေဖောင်ဒေးရှင်းရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအား တာဝန်ရှိသူများ သွားရောက် ကြည့်ရှု အားပေးခြင်း
Aug 14,2021
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုအခြေအနေအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်တို့သည် သြဂုတ်လ (၁၄)ရက် နံနက်(၁၀) အချိန်သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25764
Page
25765
Page
25766
Page
25767
Current page
25768
Page
25769
Page
25770
Page
25771
Page
25772
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department