အမ်း သြဂုတ် ၁၄
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုအခြေအနေအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်တို့သည် သြဂုတ်လ (၁၄)ရက် နံနက်(၁၀) အချိန်သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
၎င်းအောက်ဆီဂျင်စက်ရုံကို အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ဇူလိုင်လ(၁၄) ရက်နေ့မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအလှူရှင် (၅၅၆)ဦးမှ လှူဒါန်းငွေကျပ်(၁၅၂၅၁၀၀၀၀)ကျပ်အား လှူဒါန်းခဲ့ကြောင်းသိရှိရသည်။ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် မြေနေရာအား အေးရိပ်သာကျောင်း ဆရာတော်ကလှူဒါန်းခဲ့ပြီး အောက်ဆီဂျင်စက်ရုံ အဆောက် အဦ(၄၀ပေ×၃၀ပေ)အားတည်ဆောက်လျက်ရှိရာ (၇၅)ရာခိုင်နှုန်းခန့်ပြီးစီးဖြစ်၍ ဩဂုတ်လ ကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာဘူး (၁၀၀)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့်လက်ရှိတွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို အောက်ဆီဂျင်အိုးများဖြင့် မကွေး တိုင်းဒေသကြီး ပေါက်မြို့နယ်နှင့် ပြင်ဦးလွင်အနီးစခန်းရှိသံမဏီစက်ရုံတို့တွင်ဖြည့်သွင်း၍ ဆောက်ရွက် ပေးလျက်ရှိကြောင်း ယခုတည်ဆောက်နေသော အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီပါကလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှ သိရှိရသည်။
ဝင်းအိမွန်(မြို့နယ်ပြန်/ဆက်)