ပြည်ကြီးတံခွန် ဩဂုတ် ၁၄
ပြည်သူမှပြည်သူသို့ မျှဝေလှူဒါန်းခြင်း အစီအစဉ်တစ်ခုအဖြစ် မေမေဖောင်ဒေးရှင်းမှ ကိုဗစ်ကာလတွင် ခက်ခဲနေသော အိမ်ထောင်စု(၁၀၀၀)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့်အခြားစားသောက်ဖွယ်များ လှူဒါန်းခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းရှိ မေမေဖောင်ဒေးရှင်းရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
ထို့သို့လှူဒါန်းရာတွင် မေမေဖောင်ဒေးရှင်းမှ ကိုဗစ်ကာလအတွင်း အများပြည်သူများအဆင်ပြေစေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ဘူး၊ ဆား(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာနှင့် အခြား စားသောက်ဖွယ် ပစ္စည်းများအား ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီအများ ပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး အိမ်ထောင်စု(၁၀၀၀)စု အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း