Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရန်အတွက် မြို့မ အားကစားကွင်း ယာယီပျံကျဈေး၌ အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ
Aug 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်စည်း မဖြစ်မနေ တပ်ဆင်သွားလာရေးအတွက် ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့မှ မြို့မအားကစားကွင်းရှိ ယာယီပျံကျဈေး၌ ဈေးရောင်း/ဈေးဝယ်လာသူများကို ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင်များပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက် စောင့်ကြည့်၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချပေးရေး ၊ ဆေးဆိုင်များအနေဖြင့် စျေးနှုန်းတင် ရောင်းချမှု မရှိစေရေး ၊ ဆေးဝါးများ ပြတ်လတ်မှု မရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ နည်းလမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ရေးတို့ အတွက် ယနေ့ နံနက် ၈ နာရီအချိန်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားရှိပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက်
Aug 14,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားရှိသည့် တက္ကသိုလ် ၊ ကောလိပ်များနှင့် အခြေခံပညာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ ၊ ဝန်ထမ်းများ အပါအဝင် ထိုးနှံထားရှိပြီးသူ (၃၀၃) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာ အစေးခြစ်လုပ်ငန်းဖြင့် နှစ်စဉ်ဝင်ငွေတိုးပွား
Aug 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသမိုင်းယုမြို့ရှိ ဒေသခံ တောင်သူများ နှစ်ရှည်ရော်ဘာများစိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချ လျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေတိုးပွားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဆေးများကို ဆက်လက် ထိုးနှံပေး
Aug 14,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက မြို့နယ် အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်၉ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာ လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် မယ်လမုသုံးထပ်ဓမ္မာရုံ၌ အခမဲ့ဖျားနာကုဆေးခန်း(Fever Clinic)ဖွင့်လှစ်မည်
Aug 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် Fever Clinic ဆေးခန်းကို (၂)ရပ်ကွက်၊ မယ်လမုဘုရားဝန်း သုံးထပ်ဓမ္မာရုံတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေများတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့အတွင်းရှိ ဆိုင်များတွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေရေး တာဝန်ရှိသူမ…
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလ တွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ မြေပြင်ကွင်းဆင်းကြပ်မတ်ကြည့်ရှုစျေးကွက် စောင့်ကြည့် ရေးအဖွဲ့မှ ယမန်နေ့ နံနက်၁၁နာရီခွဲအချိန်က မအူပင်မြို့အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25762
Page
25763
Page
25764
Page
25765
Current page
25766
Page
25767
Page
25768
Page
25769
Page
25770
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department