မိုးနဲမြို့၌ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

မိုးနဲ သြဂုတ် ၁၄

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် အတွင်းရှိမသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဌာနမှ ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများ၏ နေအိမ် အရောက် သွားရောက်၍ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။

 

ယင်းသို့သွားရောက်ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန  ဦးစီးမှူး ဒေါ်ခိုင်စံပယ်ဖြူ ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အထွေ‌ထွေအုပ်ချုပ် ရေးဦးစီးဌာန စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ မသန်စွမ်းသူများ၏ လက်ဝယ်အရောက် အိမ်တိုင်ရာရောက်ကွင်းဆင်းကာ ထောက်ပံ့ငွေများပေးအပ် ခဲ့ကြောင်းသိရသည် ။

 

ထောက်ပံ့ငွေများကို ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူနှင့် အကြား အာရုံမသန်စွမ်းသူများကို တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မိုးနဲမြို့နယ်တွင် (ကျိုင်းတောင်းမြို့) အပါအဝင် မသန်စွမ်းသူ ၁၀၉ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)