တိုက်ကြီးမြို့နယ် မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးနေမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

တိုက်ကြီး ဩဂုတ် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာအုပ်စုရှိ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးနေမှုအခြေအနေ အား အမှတ်(၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယဗိုလ်မှူးကြီး ရဲကျော်သူ၊ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်း တို့ပါဝင်သော အဖွဲ့က ကြည့်ရှုစစ်ဆေးကာ ကာကွယ်ဆေးထိုးနှံသည့် သံဃာတော်နှင့်သီလရှင် (၉၈)ပါး ၊ လူပုဂ္ဂိုလ်(၁၄)ဦး စုစုပေါင်း(၁၁၂)ဦးအား အားပေး စကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။

 

တိုက်ကြီးမြို့နယ်တွင် ဩဂုတ် လ ၁ ရက်နေ့ မှ စတင်၍ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ဦးရေ‌စုစုပေါင်း (၄၉၀၇)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ပြည်သူများ အတွက်လည်း ကာကွယ်ဆေးများရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)