ကွမ်းလုံ ဩဂုတ် ၁၄
ကွမ်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ mask များ အခမဲ့ဖြန့်ဝေခြင်းကို မြို့မဈေး၌ ယနေ့နံနက် ၆နာရီခွဲ အချိန်က ပြုလုပ်ခဲ့သည်။
မြို့နယ်ကိုဗစ်-၁၉ကော်မတီနှင့် လူမှူကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး နေအိမ်ပြင်ပ သို့ ထွက်ခွာလာသူများအနေဖြင့် mask များတပ်ဆင်အသုံးပြုနိုင်ရန် ဝေငှပေးခြင်းနှင့် စည်းကမ်းတကျ ထွက်ခွာ လာခြင်း မရှိသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆောင်ရွက်မှုတွင် mask ၁၅၀၀ ခုနှင့် face shield၂၀၀ခုတို့ကို ဝေငှပေးခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးမမ(ကွမ်းလုံ)