ပြင်စလူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယအကြိမ် အဖြစ် စတင် ထိုးနှံပေး

 ပြင်စလူ စက်တင်ဘာ  ၂                             

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယ အကြိမ်အဖြစ် ဆက်လက်ထိုး နှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ပြင်စလူမြို့  ကျန်းမာရေး ဦးစီးဌာနမှတာဝန် ရှိသူများက ဒုတိယအကြိမ်အဖြစ် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဒေသခံ ပြည်သူများ၊ ဆရာတော်သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပြင်စလူမြို့၊မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကာကွယ်ဆေးထိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ Volunteer/ ပရဟိတများ နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြင်စလူမြို့ပေါ်ရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သော ကုန်းကြီးကျေးရွာ၊ တယ်ပင်ကိုင်းကျေးရွာ၊ ရေတွင်း ဆိပ် ကျေးရွာ၊သစ်ပုတ်ကျေးရွာနှင့်  ဓနိဆိပ် ကျေးရွာတို့မှ အသက် (၆၅) နှစ်နှင့်အထက် မိဘ ပြည်သူ (၅၀၀)ဦးအား ကိုဗစ်-၁၉ ကာကွယ် ဆေးများကို  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များ အတိုင်း ထိုးနှံပေးလျက်ရှိသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော    Sinopharm   အမျိုးအစားဖြစ်ပြီး  ပြင်စလူ မြို့အတွက် ဒုတိယအကြိမ် လူဦးရေ (၅၀၀)ဦး  တို့အား (၂-၈-၂၀၂၁) ရက်နေ့မှ (၄-၈-၂၀၂၁)အထိ ကိုဗစ်-၁၉ ကာကွယ် ဆေးများကိုထိုးနှံ ဆောင်ရွက်လျက်ရှိသည်။

ပြင်စလူမြို့သည်ရေလမ်းခရီးကိုသာ အားကိုးပြီးသွားလာရသည့် ဒေသဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကြောင်း လည်းသိရသည်။

ပြင်စလူမြို့တွင်(၁၃-၈-၂၀၂၁)ရက်နေ့ကလည်း အသက်(၆၅)နှစ်အောက် ရပ်ကွက်နှင့် ကျေးရွာများမှဒေသခံပြည်သူ  (၃၀၀) ဦးအား ပထမအကြိမ် တရုတ်နိုင်ငံထုတ် (Sinopharm) ရောဂါကာကွယ်ဆေးများကို ထိုးနှံပေး ခဲ့ ကြောင်းသိရသည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)