ဂွမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးများအားထောက်ပံ့ကြေးငွေပေးအပ်

ဂွ  စက်တင်ဘာ ၃

 

ရခိုင်ပြည်နယ် ဂွမြို့နယ်၌မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့နံနက်ပိုင်းတွင် ကင်းရုံး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးငွေများပေးအပ်ရာတွင် ကင်းရုံးရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား တစ်ကြိမ် ထောက်ပံ့ငွေ(၁၅၀၀၀)နှုန်းဖြင့် ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးစုစုပေါင်း(၅၄)ဦးအတွက် ငွေကျပ်စုစုပေါင်း(၈၁၀၀၀၀/-) ကျပ်အား လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ရွှေရည်ဝင်းကျော်