ဂွမြို့နယ်တွင် ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းများနှင့် အညီလိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask Campaign ဆောင်ရွက်

ဂွ    စက်တင်ဘာ  ၃

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်  ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိမှု လျော့ကျနှင့်စေရေး၊ ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကြပ်မတ်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရာ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မြို့မစျေးလမ်းဆုံ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများ နေ အိမ်ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှု မရှိစေရေး၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင် သွားလာရေးနှင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အတွက် ဈေးဝယ် လာရောက်သူများနှင့် စျေးရောင်းသူများအား Mask Campaign ဆောင်ရွက်ခြင်းနှင့် လက်သန့်ဆေးရည်များ ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး Mask အခုရေ (၅၀၀)ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်