ရွှေပြည်သာ မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သံဃာတော်များနှင့် သီလရှင် ဆရာလေးများအတွက် ဆန်အိတ်များ လှူဒါန်း

ရွှေပြည်သာ စက်တင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွှေပြည်သာမြို့နယ် အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအတွက် ဆန်အိတ်များလှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းမှုတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင် ကျောင်းပေါင်း (၈၄) ကျောင်းတွင်ရှိသော သံဃာတော်နှင့် သီလရှင်စုစုပေါင်း (၂၂၈၀)ပါးအတွက် ဆန်အိတ် (၂၄)ပြည်ဝင် အိတ်ပေါင်း(၇၅၂) အိတ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းမှု အခမ်းအနားသို့ ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရွှေပြည်သာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ သံဃာ​တော်များနှင့်သီလရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန္တာ(ပြန်/ဆက်)