တောင်ပြိုလက်ဝဲ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန် ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်တွင် အမှတ် ၁ ရပ်ကွက်၌ လှည့်လည် ကြေညာခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန တို့ပူးပေါင်း၍ အသိပေးနှိုးဆော်ရာတွင် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ရန်၊ အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝ မပြုလုပ်ရန်နှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ်သွားရောက်ခြင်း လုံးဝ မပြုလုပ်ရန်၊ အိမ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင်းသူ(သို့) ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို တပ်ဆင်ထားရန်၊ လေဝင်လေထွက်ကောင်းသည့် နေရာတွင်နေရန်၊ မဖြစ်မနေ အပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကို စနစ်တကျ ဆေးကြောကြရန်၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေရန်၊ လေဝင် လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ စျေးဝယ်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းသူများထံမှ စျေးမဝယ်ရန်၊ အပြင်ထွက်ရာမှ အိမ်ပြန် ရောက်သော အခါတွင် အိမ်သို့ရောဂါပို့များ သယ်ဆောင်လာခြင်းများ မရှိစေရေး သတိပြုရန်၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် တစ်ခါသုံး ပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ/ ကိုယ်လက်သန့်စင်ခြင်း မပြုမည် အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှရှောင်ကြဉ်ရန်၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရန်၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ဘက်မှလူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျပါဝင် ပူးပေါင်းပေးကြရန်စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်အား ပြည်သူများ မိုပိုကျယ်ပြန့်စွာ သိရှိစေရန် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)