ဂွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)(ဒုတိယအကြိမ်) တတိယနေ့အဖြစ် ထိုးနှံပေး

ဂွ  စက်တင်ဘာ   ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာခန်းမ၊ ဆပ်သွား အထကနှင့် ကျိန္တလီ ထွေ/အုပ် တွင် ဆေးထိုးစုရပ်(၃)ခု၌ (ဒုတိယအကြိမ်)တတိယနေ့အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ဂွမြို့နယ်အတွင်းရှိ စုရပ်(၃)ခုတွင်  ကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံပြီး သူအသက်(၆၅) နှစ်နှင့် အထက် ဘိုးဘွားများအား ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) (ဒုတိယအကြိမ် ) တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကာ အဆိုပါဆေးထိုးနှံပေးမှုအား  လုံခြုံရေး တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်/ကျေးရွာ    အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့က ကိုဗစ်စည်းကမ်းချက် များနှင့်အညီ ဆေးထိုးရန် လာရောက်သူများကို ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို (ဒုတိယအကြိမ်) တတိယနေ့အဖြစ် အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊နိုင်ငံဝန်ထမ်းများနှင့် အတူနေ မိသားစုများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ အလုပ်ရုံဝန်ထမ်းများ စသည်တို့မှပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် စုရပ် ၃ ရပ်ခွဲ၍ ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၇၃၀)ဦးရှိပြီဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်းအဆိုပါစုရပ်များ၌ ဆက်လက် ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်