သရက်ချောင်း စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင်လ(၃၁)ရက်နေ့မှ ဩဂုတ် လ(၉)ရက်နေ့ အထိ(ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူများအား ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ စက်တင်ဘာလ (၆)ရက်နေ့ အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား (၉၀)ဦး၊စေတနာ့ဝန်ထမ်း (၇၀)ဦး၊ ဘုန်းကြီး/သီလရှင် (၁၀)ဦး၊ နိုင်ငံ့ဝန်ထမ်း(၉)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၂၄)ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း(၂)ဦး ၊ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၁၃) ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၂၁)ဦး၊ ဈေးရောင်းသူ (၂၇၇)ဦး၊ စုစုပေါင်း(၅၁၆)ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေဦး၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)