ဆီဆိုင်မြို့၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆီဆိုင်    စက်တင်ဘာ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ  ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြ၍ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိဘပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းများပြုလုပ်ပေးပြီး  စနစ်တကျထိုးနှံပေးသည်။

ဆီဆိုင်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံခြင်းကို ဆီဆိုင်မြို့နယ်ခန်းမဆောင်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန် ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)