ရမည်းသင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသော Volunteer (၇၅)ဦးအား စားသောက်စရိတ်နှင့် စက်သုံးဆီဖိုးအတွက် တစ်လစာငွေသား ထောက်ပံ့ပေးအပ်

ရမည်းသင်း    စက်တင်ဘာ   ၈

ရမည်းသင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသော Volunteer (၇၅)ဦးအား စားသောက်စရိတ်နှင့် စက်သုံးဆီဖိုးအတွက် တစ်လစာ ငွေသားထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ခရိုင်ကုသရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှဦးဆောင်၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း နှင့် ကိုဗစ်-၁၉  ရောဂါပိုးတွေလူနာများအား စနစ်တကျစီမံဆောက်မှုလုပ်ငန်းများ၌ Volunteer အဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်နေခြင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ဇော်မိုး၊ အတွင်းရေးမှူး ယာယီရဲမှူး မြင့်ဇော်ဦး၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့်အဖွဲ့ဝင် မြို့မိမြိုဖ ဦးဝင်းမြင့်တို့က ထောက်ပံ့ပေးအပ်ရာ Volunteer တစ်ဦးချင်းမှ လက်ခံရယူကြသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ (တတိယလှိုင်း)ကာလ ရမည်းသင်းမြို့နယ် အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနေမှုတို့တွင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနေသော Volunteer တစ်ဦးလျှင် တစ်လစာစားစရိတ် (၁၃၅,၀၀၀)နှင့် စက်သုံးဆီဖိုး တစ်သိန်းကျပ်ဖြစ်ပြီး Volunteer (၇၅)ဦးအတွက် စားသောက် စရိတ်နှင့် စက်သုံးဆီဖိုးအတွက် တစ်လစာငွေစုစုပေါင်းသိန်း (၁၇,၆၂၅,၀၀၀) တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)