အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရှင်ပင်ချမ်းသာကြီးဘုရားရှေ့ အိမ်မဲချောင်းအတွင်း၌ ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 09,2021
 မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၇)ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၆၀၉၃) ဦးရှိကြောင်း သိရသည်။  
Sep 09,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များက နေ့စဉ် မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အခမဲ့ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၈၀၀ အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၈၄ ဦး ရှိကြောင်း  မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ  သိရသည်။
Sep 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လားဟူတိုင်းရင်းသားများနှင့် လွယ်လတိုင်းရင်းသားများ နေထိုင်သည့် ပန်ဆောင်ကျေးရွာနှင့် ဝမ်အွိုက်ကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက သတ်မှတ်ဆေးထိုးစုရပ်နေရာဖြစ်သည့် ပန်ဆောင်ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းဟောင်းတွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကျေးရွာအရောက် ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးရာတွင် ဒေသခံပြည်သူတစ်ဦးက “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေသွားချင်၍” ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်ကြောင်း ရင်ဖွင့်ပြောပြသည်။
Sep 09,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ (၇.၈.၂၀၂၁)ရက်နေ့ နှင့်(၈.၈.၂၀၂၁)ရက်နေ့တို့ တွင် ပထမအကြိမ် ဆေးထိုးနှံပြီး သည့် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ် အိုဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၄၃၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ပေး လျက်ရှိကြောင်း  လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
Sep 09,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၆၅ နှစ် အထက်ရှိပြည်သူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား   ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Sep 09,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်(၁၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရွှေညောင်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းမိုင် အရှည်မိုင်(၁၁၄/ ၂.၅-၁၄၃/၇.၅=၂ ၉မိုင်၅ဖာလုံ) လမ်းအကျယ်(၁၈)ပေ (၁၈/၅)