နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ(  ၆၀၉၃   ) ဦးတို့အား ထိုးနှံပြီးစီး

နတ်မောက်       စက်တင်ဘာ       

 

 မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၇)ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၆၀၉၃) ဦးရှိကြောင်း သိရသည်။  

 

 

 အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုး နှံနိုင်ရေးအတွက် ဆေးထိုးစုရပ်(၆) နေရာခွဲ၍ ထိုးနှံပေးလျက်ရှိပြီး အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၆၈၉) ဦး၊ အစိုးရပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၂) ဦး၊ ပရဟိတအဖွဲ့ဝင် (၂၆၀) ဦး၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွား (၁၄) ဦး၊ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်၊သီလရှင် (၁၅၅) ပါး ၊ နိုင်ငံ့ဝန်ထမ်း (၄၂၄)ဦး ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၁)ဦး၊ အကျင်းသား/အချုပ်သား (၁၁) ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းရှိ ဝန်ထမ်း(၆၄၂)ဦး ၊ ဈေးသူ/ဈေးသား (၂၆၅၈)ဦး ၊စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်ဝန်ထမ်း (၂၃၇) ဦး ၊ စုစုပေါင်း (၆၀၉၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးကြောင်းသိရသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံရန် နတ်မောက်မြို့နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေးအလုံးရေ (1 Dose )ဆေးလုံး (၁၀၃၀)လုံး ၊(5 Dose) ဆေးလုံး (၁၀၁၃)လုံး စုစုပေါင်း ဆေးအလုံးရေ (၂၀၄၃)လုံးရရှိပြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၆၀၉၃)ဦးတို့အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတတိယအကြိမ် ထိုးနှံပြီးစီးကြောင်းသိရသည်။

 

လှဝင်း