Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၄၀၆၇)ဦး ထိုးနှံပြီးဖြစ်
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့နံနက်ပိုင်းက စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိရာ သံဃာတော်များနှင့် အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများအပါအဝင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဦးရေ(၄၀၆၇)ဦး ထိုးပြီးကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကျင်းပမည်မဟု…
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပ လေ့ရှိသော ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကြီးအား၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တားမြစ် ကန့်သတ် ချက်များကြောင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း တောင်ကလပ်ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်အတွင် ကျေးရွာ၁၃ရွာတွင် (VDP)စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ၁၃ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း (၁၃၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီး
Sep 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြရာ ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ် မဟာရန်အောင် ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေး
Sep 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ၊ ဈေးတန်းရပ်ကွက်ရှိ မဟာရန်အောင်ပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသော သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အဆိုပါဘုန်းတော်ကြီးကျောင်းရှိ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ စစ်ဆေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
Sep 09,2021
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၈)နာရီ အချိန်က စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖြစ် ဆရာတော်၏ ရုပ်ထုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂါရဝပြုပူဇော်ကန်တော့
Sep 09,2021
(၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖြစ် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှိ ဆရာတော်၏ ရုပ်ထုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ က ယနေ့နံနက် ၇ နာရီတွင် ဂါရဝပြု၊လွမ်းသူပန်းခွေချကန်တော့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့ ကျုံးကူးတံတား တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းပြီးစီး
Sep 09,2021
ပဲခူးမြို့ရှိ သမိန်ဗရမ်းလမ်း၊ ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်း သို့ ဆက်သွယ်ထားသော လမ်းတွင်ရှိသည့် ပဲခူးမြို့ကျုံးကူးတံတားအား တည်ဆောက်လျက်ရှိရာ ၉၆ရာခိုင်နှုန်းပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25660
Page
25661
Page
25662
Page
25663
Current page
25664
Page
25665
Page
25666
Page
25667
Page
25668
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department