ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ရဟန်းသံဃာများ သက်ကြီးဘိုးဘွားများနှင့် သတ်မှတ်အုပ်စုဝင် လူပုဂ္ဂိုလ်များအား ဆက်လက်ထိုးနှံပေး

ကျောက်ပန်းတောင်း စက်တင်ဘာ ၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်း ကို၊ ရဟန်းသံဃာများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပြင်၊ သတ်မှတ်အုပ်စုဝင်ဖြစ်သည့် လူပုဂ္ဂိုလ်များ ကိုပါ ဆက်လက်ထိုးနှံပေးလျှက်ရှိရာ၊ စက်တင်ဘာ(၈)ရက်နေ့က လူဦးရေစုစုပေါင်း(၁၂၃၀)ဦးထိုးနှံခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဦးထံက သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်းစီ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့်၊ မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ ပူးပေါင်း၍ ဆေးထိုးစုရပ်(၂)ခုဖြစ်သည့်၊ သာသနာ့ဗိမ္မာန်နှင့် အမှတ်(၁)အ.ထ.က တို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ် မှတ်ချက်များနှင့်အညီ ထိုးနှံပေးနေခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အုပ်စုဝင် ရဟန်းသံဃာနှင့်လူ ပုဂ္ဂိုလ် များကို သတ်မှတ်ရက် အတွင်း လူဦးရေကျန်ရှိမှုမရှိအောင် စောင့်ဆိုင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

 

နေအောင်(ပြန်/ဆက်)