လှိုင် စက်တင်ဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ (၇.၈.၂၀၂၁)ရက်နေ့ နှင့်(၈.၈.၂၀၂၁)ရက်နေ့တို့ တွင် ပထမအကြိမ် ဆေးထိုးနှံပြီး သည့် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ် အိုဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၄၃၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ပေး လျက်ရှိကြောင်း လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ထို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လှိုင်မြို့နယ် YUSCလေ့ကျင့်ရေးကွင်းတွင် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန်ရည်ရွယ်၍ကိုဗစ်- ၁၉ကာကွယ်ဆေး များထိုးနှံဆောင်ရွက်ပေး လျက်ရှိပြီး လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော သတ်မှတ်ချက်နှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပသည်။
မြို့နယ်(ပြန်/ဆက်)