ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၆၅ နှစ်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

 

ကျောက်ဖြူ   စက်တင်ဘာ 

 

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၆၅ နှစ် အထက်ရှိပြည်သူများကို ယမန်နေ့ မွန်းလွဲ နာရီခွဲက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား   ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်း မှတ်တမ်းရေးသွင်း ကောက်ယူခြင်း များကို ဆောင်ရွက်ပေးပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးထိုး နှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေး ကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေး များကိုထိုးနှံပေးသည်။

 

ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ ကျောက်ဖြူမြို့၊  ကျောက်တစ်လုံး IDPs စခန်းမှ ဒု တိယအဖွဲ့ ခေါင်းဆောင် ဦးကိုကိုအောင်ကကျွန်တော်တို့ ဒီကျောက်တစ်လုံး IDPs  Camp မှာ ကိုဗစ် ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် --၂၀၂၁ ရက်နေ့က ၁၂ ယောက်ကို ဒီ Camp ထဲမှာဘဲ ထိုး ပေးခဲ့ပါတယ်ခင်ဗျ၊  အခုလို အသက် ၆၅ နှစ်အထက်ရှိသူတွေကို ကာကွယ်ဆေးထိုးပေးသလိုဘဲ နောက် ထပ်ဒီစခန်းမှာရှိတဲ့ အသက် ၁၈ နှစ်အထက်ရှိတဲ့အကျုံးဝင်တဲ့သူတွေကိုလည်း ထိုးနှံပေးစေချင်ပါတယ်၊ ကူညီလုပ်ကိုင်ပေးတဲ့ Volunteer များကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော်အနေနဲ့ နိုင်ငံတော် အစိုးရကနေ ကျွန်တော်တို့ကို ကိုဗစ်-၁၉ ရောဂါမဖြစ်အောင် ဒီကာကွယ်ဆေးတွေကို ထိုးပေးတဲ့အတွက် လည်း နိုင်ငံတော်အကြီးအကဲတွေကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ဟု ပြောသည်။

 

ဆက်လက်ပြီး ကျောက်တစ်လုံး IDPs စခန်းရှိ ဆေးထိုးစုရပ်တွင်   Volunteer အဖြစ်ဝင်ရောက် လုပ်ကိုင်နေ သည့် မယမင်းသူ ကလည်း သမီးက ဒီစခန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာထိုးတဲ့ သူတွေကို ကူညီဆောင်ရွက်ပေးနေသူ Volunteer တစ်ယောက်ဖြစ်ကြောင်း၊ ပထမအကြိမ် ကာကွယ် ဆေးထိုးတုန်းက မူးဝေဖျားနာခြင်းမရှိကြောင်း၊ ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးကို ထိုးပြီးသွားပြီ ဖြစ်၍ မိမိကိုယ်ကို ယုံကြည်မှုပိုမိုရှိသွားကြောင်းနှင့် မိမိတို့ IDPs စခန်းကို ဆေးလာရောက်ထိုးပေးတဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုးဖို့ချမှတ်ပေးတဲ့  နိုင်ငံတော်က အကြီးအကဲတွေကို လည်း ကျေးဇူးအထူးတင် ရှိပါကြောင်း ၎င်းကပြောကြားသည်။

 

အဆိုပါခိုလှုံရာစခန်းနေပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ်တွင် ပြည်သူ စုစုပေါင်း ၂၄ ဦးအားထိုးနှံပေးထားခဲ့ပြီးဖြစ်ကာ၊  ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ() ရက်နေ့တွင် ၁၂ ဦးနှင့် စက်တင်ဘာလ ရက်နေ့တွင် ဦး၊ စုစုပေါင်း ၂၁ ဦးအား ဆက်လက်ထိုး နှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

 

      ဇူလိုင်ကြယ်( ပြန်/ဆက်)