အိမ်မဲ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရှင်ပင်ချမ်းသာကြီးဘုရားရှေ့ အိမ်မဲချောင်းအတွင်း၌ ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နှင့်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ချောင်းအတွင်းရေနစ်နေသူအား ကူညီကယ်ဆယ်ပေးပုံအဆင့်ဆင့်ကို သရုပ်ပြဇတ် တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
"အိမ်မဲမြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ဖို့အတွက် ကြိုတင်သရုပ်ပြလေ့ကျင့် ထားတာဖြစ်ပါတယ်၊ အခြားသောသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင်လည်း ဘေးအန္တရာယ်ဖြစ်တဲ့ နေရာကို အချိန်မီရောက် အောင်သွားပြီးကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ဖို့ပြင်ဆင်ထားရှိကြောင်း "မြို့နယ် မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)