ဖားဆောင်း စက်တင်ဘာ ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့က ရပ်ကွက်နှင့် ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၅၇)ရွာမှ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၅၉)ဦးရှိပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ် တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လတို့အတွက် ဘိုးဘွားတစ်ဦးလျှင် တစ်လငွေကျပ် ၁၀၀၀၀/- နှုန်းဖြင့် သုံးလစာ ငွေကျပ် ၃၀၀၀၀/- ကို ထောက်ပံ့ရမည်ဖြစ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်နှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၃၁)ဦး၊ အဘွား (၂၈)ဦး စုစုပေါင်း(၅၉)ဦးအတွက် ငွေကျပ် ၁၇၇၀၀၀၀/-ကို ဘိုးဘွားလက်ဝယ်အရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်