ဇမ္ဗူသီရိ စက်တင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အပြီး သတ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ဆရာတော် သံဃာတော် များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း ဝန်ထမ်းများ၊ အကျဉ်း/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများနှင့် Super Market ဈေးဝန်ထမ်းများ စုစုပေါင်း (၄၃၆၉) ဦးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အပြီးသတ်ထိုးနှံပေးခဲ့ကြပြီး အကြောင်းအမျိုးမျိုး ကြောင့် ဒုတိယအကြိမ် ဆေးလာရောက် မထိုးနှံဖြစ်သည့်သူများအား ဇမ္ဗူသီရိမြို့နယ် ခုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံနိုင်ရေး အသိပေးကြေညာထားကြောင်း ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)