တီးတိန် စက်တင်ဘာ ၁၀
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးရာတွင် အသက် ၆၅ နှစ် အထက် ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ဘာသာရေးအသင်းဆရာတော်များအား တီးတိန်မြို့နယ်အတွင်း သတ်မှတ်ထားသော စုရပ်များတွင် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးပေးသည်။
စုရပ်နေရာများဖြစ်သော တီးတိန်ပြည်သူ့ဆေးရုံတွင် (၃၈၀)ဦး၊ ခိုင်ကမ်းမြို့တွင်(၁၁၈)ဦး၊ တွီးထန် ကျေးရွာတွင်(၅၂)ဦး၊ လိုင်တွီး ကျေးရွာတွင်(၈၂)ဦး၊ ထုတ်လိုင်ကျေးရွာတွင်(၃၇)ဦး၊ ဆွောင်းပီးကျေးရွာ တွင်(၅၈)ဦး၊ ဆိုင်းဇန်ကျေးရွာတွင်(၁၃၀)ဦး၊ ကပ်တဲလ် ကျေးရွာတွင်(၆၈)ဦး၊ ဂမ်ငိုင်ကျေးရွာတွင်(၇၂)ဦး၊ ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)