ဖြူးမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိရာ(၈၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီး စက်ပစ္စည်းများ ရောက်ရှိ

ဖြူး    စက်တင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသူများ အောက်ဆီဂျင်လိုအပ်ချက်များအတွက်နှင့် ကျန်သည့်ကျန်းမာရေးစောင့်ရှောက် မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူ ငွေများဖြင့် အောက်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်လျက်ရှိ ရာ (၈၀)ရာခိုင် နှုန်းကျော်ပြီးစီးပြီး စက်ပစ္စည်းများ ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာမှာ အလျားပေ(၅၀)၊ အနံ(၂၈)ပေ အကျယ်ရှိကာ အမြန်ဆုံးအကောင် အထည်ဖော်အသုံးပြုနိုင်ရေး (၈၀)ရာခိုင်နှုန်းကျော်ပြီးစီးနေ ပြီး စက်ပစ္စည်းများလည်း ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဇူလိုင်လက အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဖွဲ့ကာ အကောင်အထည်ဖော်တည်ဆောက်ခဲ့တာဖြစ်ပြီး အောက်ဆီဂျင်(ကွန်တင်နာ)စက်ကြီးနှင့် ဆက်စပ်ပစ္စည်းတွေအတွက် အခြေခံ ကုန်ကျမှုအတွက် အလှူရှင် များဆီမှ  သိန်း(၁၆၀၀)ကျော်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းသိရသည်။ အောက်ဆီဂျင်စက် လည်ပတ်နိုင်ပါက  လီတာ(၄၀)အောက်ဆီဂျင်အိုး တစ်ရက်ကို(၂၀၀)နီးပါး ထုတ်လုပ်နိုင်မှာဖြစ် ကြောင်းအောက်ဆီဂျင် စက်ရုံဖြစ် မြောက်ရေးကော်မတီမှ  သိရသည်။

နေမျိုးလွင်