မိုင်းလုံ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများထဲမှ စားဝတ်နေရေးခက်ခဲနေသော မိသားစုများကို အလှူရှင်များကိုယ်စား ဖြူစင်မေတ္တာပရဟိတအသင်းမှ ဦးဆောင်၍ ယမန်နေ့က စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာများမှာ (Quarantine Centre) တွင် ဆေးကုသမှုကို ခံယူနေသောကြောင့် ၄င်းမိသားစု၏ နေအိမ်များသို့ သွားရောက်လှူဒါန်းခဲ့ရာ တစ်အိမ်လျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ဆား(၁)ထုပ်၊ အချိုမုန့်(၁)ထုပ်၊ ဆပ်ပြာမုန့်(၁)ထုပ်၊ ကြာဇံ(၁)ထုပ်၊ အသားတု(၁)ထုပ်စသည့် စားသောက်ကုန်များကို အထက်ရပ်ကွက် (၇)အိမ်နှင့် နမ့်ပိန်ရပ်ကွက်(၂)အိမ် စုစုပေါင်း(၉)အိမ်တို့တွင် ဖြူစင်မေတ္တာပရဟိတအသင်းက ရပ်ကွက်အတွင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)