ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပွင့်ဖြူ        စက်တင်ဘာ           ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပွင့်ဖြူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းမျာနှင့် သီလရှင်ကျောင်းတို့ရှိ ကျောင်းထိုင်ဆရာတော်များနှင့် သံဃာ တော်များ ၊ သီလရှင်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဂုဏဝတီကျောင်းတိုက် ၊ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သီလရှင်ကျောင်းတို့အား သွားရောက်ကာ ဆွမ်းဆန်တော် ၊ ဆီ ၊ ကြက်သွန်နီ ၊ ကြက်ဥ အမယ် လေးမျိုးစီ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူ ဆောက်တည်၍ အမျှအတန်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)