Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှည်းကူး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သူများကို ယနေ့ နေ့လယ် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့…
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်
Sep 12,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးရုံဘေး ပတ်ဝန်းကျင် နေရာသန့်ရှင်းသာယာလှပရေး၊ ရေနှတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူဆေးရုံကြီးအတွင်းအပြင်နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမနှင့် ဆားလင်းကြီး(အ.ထ.က)ရှိ ပန်းမြတ်သဇင်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစာပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းကြီးရပ်ကွက်၊ လမ်းများတွင် ကိုဗစ်ရောဂါပိုးထိစပ်သူ(၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး RDT Test-Kit ဖြင့် ကွင်းဆင်းစစ်ဆေး…
Sep 12,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှုများနေသဖြင့် စက်တင်ဘာလ(၄)ရက်မှစ၍ Lock Down ချထားပြီးစောင့်ကြပ်ကြည့်ရှု ပေးနေသော ရွှေလိပ်ပြာလမ်း၊ တိုးချဲ့(၂)လမ်းနှင့်တိုးချဲ့(၃)/(၄)/(၅)လမ်းတို့အတွင်းမှ ကိုဗစ်ရောဂါ အတည်ပြုလူနာနှင့်ထိပ်စပ် သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများ ကဲ့သို့ သွားလာလှုပ်ရှားနေခြင်းဖြင့် အခြားသူများထံ ရောဂါပိုးဆက်လက်ပြန့်ပွား ကူးစက်နိုင် သဖြင့် ရောဂါပိုးရှိနေသူများအား စစ်ဆေးဖော်ထုတ်ပြီး ရောဂါကွင်းဆက်ဖြတ် တောက်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအမံဖြင့် လူ(၉၅)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခြင်းအား ယနေ့ နံနက်၁၀နာရီမှ၁၂နာရီအထိ ကျန်းမာရေး ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်ချောင်းဆုံကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပ…
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က စက်တင်ဘာ ၁၁ ရက် ၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ချောင်းဆုံ ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်တိုင်း)မှ ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည်များ လှူဒါန်း
Sep 12,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ငပလီမြို့ ၊ ဂွမြို့နှင့် ကျိန္တလီမြို့ရှိ ပြည်သူများအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်(ရန်ကုန်တိုင်း)မှ လှူဒါန်းသည့် ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည်များကို ငပလီမြို့ ပရဟိတအဖွဲ့ဝင်များက ရန်ကုန်မြို့တွင် သွားရောက် လွှဲပြောင်းလက်ခံ ခဲ့ပြီး ပြည်သူ့လက်ဝယ်ရောက်ရှိနိုင်ရေးအတွက် စက်တင်ဘာလ(၁၂) ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန် ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး…
Sep 12,2021
မုံရွာမြို့နယ်အတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ (ပထမကြိမ်) ထိုးနှံပေးပြီးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန် ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ ဆေးထိုးစုရပ် (၃)နေရာခွဲ၍ သတ်မှတ်ရက်များအတွင်း ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25636
Page
25637
Page
25638
Page
25639
Current page
25640
Page
25641
Page
25642
Page
25643
Page
25644
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department