ကော့မှူး စက်တင်ဘာ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းအသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ ၊ အစိုးရ / ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ ၊ စေတနာဝန်ထမ်းများ ၊ နိုင်ငံဝန်ထမ်းများ ၊ သာသနာ့ဝန်ထမ်းများ ၊ ၊ နိုင်ငံဝန်ထမ်းမိသားစုများ ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိကစက်ရုံ / အလုပ်ရုံ ဝန်ထမ်းများ ၊ အကျဉ်းသား/ အချုပ်သားများ ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ ၊ စူပါမား များနှင့်ဈေးများ မှဝန်ထမ်းများအား အ.ထ.ကကော့မှူး ၊အ.ထ.က နတ်စင်ကုန်း ၊ အ.ထ.ကငှက်အော်စမ်း ၊ အ.ထ.က မှော်တော ၊ အ.ထ.ကကျိုက်ထော် ၊ အ.မ.က ကျိုက်ထော် ၊ အ.ထ.က ဝါးဘလောက်သောက် စသည့် ဆေးထိုးစုရပ်များတွင် စက်တင်ဘာ ၁ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၆၅)နှစ် အထက် (၁၂၀၀)ဦး ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ (၄၈)ဦး ၊ စေတနာဝန်ထမ်းများ (၅၄၉)ဦး ၊ သာသ နာဝန်ထမ်းများ (၂၂၇)ဦး ၊ နိုင်ငံဝန်ထမ်းများ (၄၇၆)ဦး ၊ နိုင်ငံဝန်ထမ်းမိသားစုများ (၁၀၁၄)ဦး ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ (၁၅)ဦး ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ(၃၀)ဦး ၊အကျဉ်းသား/အချုပ်သား (၇)ဦး ၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းများမှ ပုဂ္ဂိုလ်များ (၃၈၅)ဦး ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ ( ၁၅၇၉ )ဦး စုစုပေါင်း ( ၅၅၃၀ )ဦး တို့အားဒုတိယအကြိမ် ထိုးနှံပေးနေကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့ နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ (၃၈၃၇)ဦးအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်သူရ