မြင်းခြံ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ ရက်နေ့ မှစ၍ နေ့စဉ် နံနက် (၉း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများအလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ယမန်နေ့က မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်စုရပ်နယ်မြေတွင် ပြည်သူ(၁၂၀) ဦးကို သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှကြီးမှူးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေးဝန် ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့နယ်အတွင်းမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုများကို ဩဂုတ်လ ၂၉ ရက်နေ့မှ ယမန်နေ့အထိ စုစုပေါင်း(၃၇၅၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ ဆက်လက်၍ နေ့စဉ်ထိုး နှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်