ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် Mask Campaign ပြုလုပ်

မြစ်ကြီးနား   စက်တင်ဘာ  ၁၂

ယမန်နေ့ နံနက်  ၈ နာရီက  ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် Mask Campaign ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign အား မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၀င်များ ဦးဆောင်ပြီး ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့နှင့် မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ဆေးရုံကြီးရှေ့ လူသွားလူလာများသော လမ်းမများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့၀င်များက လမ်းသွား/လမ်းလာ အများပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေရန် အသိပညာပေးခြင်းနှင့် Mask များအား အခမဲ့ ဝေငှခြင်း ၊ကိုဗစ် -၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများ အား လော်စပီကာဖြင့်  အသိပေးနှိုးဆော်ခြင်း ၊အသိပညာပေး တေးသီချင်းများဖွင့်လှစ်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပြီး Mask Campaign တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask အခုရေ (၆၈၀၀) ဝေငှခဲ့ပြီး ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ ၀င် ၂၀ ဦးတို့  ပါ၀င်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)