Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းမှ သံဃာတော်များအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေး
Sep 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နံနက်(၈) နာရီ အချိန်ကစ၍ မြို့နယ်အတွင်းရှိ သံဃာဦးရေ (၂၅) ဦးအထက်ရှိသည့် မွေတော်ပရိယတ္တိ စာသင်တိုက်နှင့် ကုန်းပင်း ဘုန်းတော်ကြီးကျောင်းတို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သံဃာတော်များအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းရှိ အသက် (၁၆)နှစ် အရွယ် သံဃာ (၁) ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် ယခုအခါ Isolation Ward တွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေး
Sep 13,2021
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အတွင်းရှိ ဒေသခံပြည်သူများအားလုံးတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် ကျေးရွာများအထိ ကွင်းဆင်းကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု လူဦးရေစာရင်း ၂၆၇ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၄၂၇ ကတ်ကို ပြုလုပ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပြီးသူ (၃၈၇၅)ဦး ရှိပြီဖြစ်
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ သာသနာ့နွယ်ဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား သြဂုတ်လ ၂၉ ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံပြီးသူ(၃၈၇၅)ဦး ရှိပြီဖြစ်ကြောင်း ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေငြာ
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးတို့အတွက် ရဟန်းရှင်လူပြည်သူ အပေါင်း လိုက်နာဆောင်ရွက်ရမည့် ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူ သိရှိနိုင်ရန် အသံချဲ့ စက်ဖြင့် အသိပေး သတိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်(၂)ဦး ထပ်မံတွေ့ရှိ၍ ပိုးတွေ့အတည်ပြု လူနာစုစုပေါင်း (၉၃၇)ဦးနှင့် သေဆုံးသူ(၇၁)ဦးထိရှိလာ
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က လာရောက် စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၉၃၇)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးရေး အသိပေးနှိုးဆော်
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ လမ်းညွှန်မှုအရ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများပူးပေါင်း၍
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉အလွန် လေ့လာလည်ပတ်စရာ ဒေသတစ်ခုဖြစ်လာနိုင်သည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် တည်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ်ကြိုးပြင် ကာကွယ်တောတွင် တည်ရှိကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လ/ထမန်နေဂျာ ဦးလှသန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25634
Page
25635
Page
25636
Page
25637
Current page
25638
Page
25639
Page
25640
Page
25641
Page
25642
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department