မလှိုင် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးတို့အတွက် ရဟန်းရှင်လူပြည်သူ အပေါင်း လိုက်နာဆောင်ရွက်ရမည့် ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူ သိရှိနိုင်ရန် အသံချဲ့ စက်ဖြင့် အသိပေး သတိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည် ။
အသိပေးကြေငြာချက်တွင် ကိုရိုနာဗိုင်းရပ်ရောဂါမိမိကစ၍ ကာကွယ်ပါ ဆောင်ပုဒ်အတိုင်း အိမ် အပြင် ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစီး Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ Face Shield ကိုတွဲဖက်တပ်ဆင်အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင်လုပ်ကိုင်ရန်၊ လူစုလူဝေးရှောင်ကျဉ်ရန်၊ လက်ကိုစက္ကန့်(၂ဝ)ခန့် မကြာခဏ ဆေးပေးရန်၊ အလုံပိတ်ခန်းများ ၊အဲကွန်း ခန်းများ၊ လေဝင် လေထွက် မကောင်း သောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကျဉ်ရန်၊ အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှင့်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတိုမှရှောင်ကျဉ်ရန်၊ အသွား အလာတားမြစ် ပိတ်ပင်၍သီးသန့် ခွဲခြား နေထိုင်ခြင်း၊ Quarantine လုပ်ငန်း စဉ်များတွင် အပြည့်အဝ ပူပေါင်းပါဝင်ရန်၊ ပါးစပ်နှင့် နှာခေါင်းစီး တပ်ဆင်မထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ရန်၊ တစ်ဦးနှင့်တစ်ဦးအချင်းချင်းသတိပေးရန်၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး လုပ်ငန်းများတွင်ပူးပေါင်းပါဝင်ရန်၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများ ကို ဆက်လက်လိုက်နာဆောင် ရွက်သွားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန် စသည့်အချက်များပါဝင်သည်။
အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူလူထု အနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက် သွားရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် လိုက်လံအသိပေးကြေငြာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အောင်ဌေး( မလှိုင် )