နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်(၂)ဦး ထပ်မံတွေ့ရှိ၍ ပိုးတွေ့အတည်ပြု လူနာစုစုပေါင်း (၉၃၇)ဦးနှင့် သေဆုံးသူ(၇၁)ဦးထိရှိလာ

နတ်မောက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က လာရောက် စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၉၃၇)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ရပ်ကွက်/ကျေးရွာများရှိ အတည်ပြုလူနာ စုစုပေါင်း(၂)ဦးမှာ လဲဘူးကျေးရွာ(၁)ဦး၊ တမာပင်ရပ်ကွက်(၁)ဦးတို့ဖြစ်သည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာစုစုပေါင်း (၉၃၇)ဦးရှိပြီး ၊ ဆေးရုံဆင်း (၈၅၄)ဦး၊ ယနေ့အထိပိုတွေ့သူများကို ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာတို့တွင် (၁၂)ဦး ထားရှိပြီး သေဆုံးသူ(၇၁)ဦး အထိရှိလာပြီးဖြစ်ကြောင်း သိရသည်။

လှဝင်း( နတ်မောက်)