ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ပုလော  စက်တင်ဘာလ    ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်း ရှိပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  ယနေ့ နံနက် ၉ နာရီက ပုလောမြို့နယ် ခန်းမ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် စတင်ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င် များကြီးကြပ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ပထမအကြိမ်တွင် ဆေးလုံးရေ ၈၃၁ လုံးရရှိပြီး၊ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၅၅ နှစ်မှ ၆၄ နှစ်အထိ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်း အုပ်စု များနှင့် ယာယီစခန်းများ (ရပ်ကွက်အတွင်း အိမ်ထောင်စု မရှိဘဲ လာရောက် နေထိုင်သူ)၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါ ရှိသူများအား ၄၁၅၅ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)