ပေါင်းတည်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမနေ့ စတင်ထိုးနှံပေး

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅နှစ်နှင့်အထက် ရှိသူများ၊  မသန်စွမ်းသူများ၊  ကူးစက်ရောဂါ မဟုတ်သည့်နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပေါင်းတည် မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးလာရောက် ထိုးနှံသူများတွင် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါသည်များလည်း ပါဝင်ကြောင်း သိရသည်။

ယင်းကာကွယ်ဆေးထိုးရာနေရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်း များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်နှင်းသုန်