အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က လှိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်​​ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ​ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်များ ကြိုတင်စီမံ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်(၁၂)ရက် နံနက်(၁၀) နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 13,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒ ရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
Aug 13,2020
သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက်(၁၀)နာရီက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
Aug 13,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံမော်တာ
Aug 13,2020
တက္ကသိုလ်ဝင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလယ်ကူစွာရရှိစေရန် ရည်ရွယ်၍ တက်ရောက်သင်ကြားနိုင်သော ဒီပလိုမာသင်တန်းများနှင့် သက်မွေးဝမ်းကြောင်းလက်မှတ်ရ သင်တန်းများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပညာမော်ကွန်း ကိုယ်ပိုင် အထက်တန်းကျောင်းခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေ မှုများကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်မှူး (နည်းပညာ)ဒေါ်အိခင်ညို နှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။