Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသူတစ်ဦးအား ယာဉ်ထိန်းတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့
Mar 11,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ယနေ့ နံနက်(၉) နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန တစ်ခု ဖြစ်သော အထက-၁ စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့၌ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း လောက်ကိုင် စာစစ်ဌာန၌ ယနေ့နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး
Mar 11,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က ခရိုင်(ပြန်/ဆက်)ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့အား မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရေးဆွဲနိုင်ရေး ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံများ၏ လူမှုဘဝမြှင့်တင်နိုင်မည့် မြို့ပြစနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) လုပ်ငန်းရှင်းလင်းပွဲ အခမ်းအနား ကျီခါးမြို့၌ကျင်းပ
Mar 11,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) လုပ်ငန်းရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျီခါးမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် နွေရာသီအခမဲ့အားကစားသင်တန်းဖွင့်ပွဲ ကျင်းပ
Mar 11,2020
အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခမဲ့ အားကစားသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း ဆင်းပွဲ ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် လမိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆင်းရဲမှုလျှော့ချရေး၊ မိသားစု တစ်ပိုင် တစ်နိုင် စီးပွားရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30348
Page
30349
Page
30350
Page
30351
Current page
30352
Page
30353
Page
30354
Page
30355
Page
30356
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department