အိမ်မဲ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များ လုံခြုံမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ လိုက်လံစစ်ဆေး ခဲ့ကြောင်းသိရသည်။
ယင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းမြတ်စံနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက မြို့နယ်အတွင်း ဆက်သွယ်ရေးတာဝါတိုင်များဖြစ်သော MPT , Telenor, Ooredoo, Mec, Mytel စုစုပေါင်း ဆက်သွယ်ရေးတာဝါတိုင် (၄၁)တိုင်တို့၏ လုံခြုံရေးများ လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးတားမြစ်ချက် ဗီနိုင်းတို့ကို ချိတ်ဆွဲပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)