ဘူးသီးတောင်မြို့နယ်တွင် အသက် (၅၅) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဘူးသီးတောင် စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် (၉) နာရီအချိန်က ဘူးသီးတောင်မြို့ အထက (၂)နှင့် အလက သပြေကုန်းကျောင်းတို့၌ စုရပ်ထားရှိကာ အသက်(၅၅)နှစ်အထက် သက်ကြီးအဘိုး/အဘွားများ (၂၀၅) ဉီးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် အသက် (၅၅) နှစ်နှင့် အထက် အဘိုး/အဘွား များအား ဉီးစားပေးအလိုက် စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်း တာခြင်းများပြုလုပ်ကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံ့ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)