Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့၌ အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များလှူဒါန်း
Sep 19,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလ အခြေခံအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ယမန်နေ့က မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များကိုထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းများ ဖွင့်လှစ်၍ ကျေးရွာပြည်သူများကို စွမ်းဆောင်ရည်မြှင့်တင…
Sep 19,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ၌ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားလာစေရန်အတွက် ခေါင်း ဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းများကိုဖွင့်လှစ်၍ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲTalk Show ဆောင်ရွက်
Sep 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း တို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ် ရေးဆွေးနွေးပွဲ Talk Show ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ၁၀ရက်မြောက်နေ့ထိ ၄၁၇၀ ဦးအား ထိုးနှံ ပေးပြီးဖြစ်
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမ၌ ယမန်ရက်၊နံနက်၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ၉ ရက်မြောက်နေ့စက်တင်ဘာ ၁၇ တွင်(၄၆၀)ဦး၊ ဒုတိယအကြိမ် ၁၀ ရက်မြောက်နေ့ ယမန်ရက်တွင် (၂၃၅)ဦး (၂)ရက်ပေါင်း(၆၉၅)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်တွင် ပဉ္စမနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 19,2021
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စက်ရုံ အလုပ်ရုံများမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့နယ်၌ အသက် ၆၅ နှစ်နှင့် ၅၅ နှစ်အကြား ပြည်သူများနှင့် မသန့်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ
Sep 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဆေးထိုးစုရပ်(၇)ခုတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ် ဆေးထိုးစုရပ်များ၌ အသက်၆၅နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ၊ အသက်၆၅နှစ်နှင့် ၅၅ နှစ်အကြား ပြည်သူများနှင့် မသန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovic ပထမအကြိမ်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် အောင်မော်စံစာသင်တိုက်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ် အချို့အား ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးနှံပေး
Sep 19,2021
ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အောင်မော်စံစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ် အချို့အား ယနေ့နံနက် (၁၀) နာရီတွင် အောင်မော်စံစာသင်တိုက်၌ ရာသီတုတ်ကွေး ကာကွယ ဆေးအား ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25498
Page
25499
Page
25500
Page
25501
Current page
25502
Page
25503
Page
25504
Page
25505
Page
25506
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department