ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးလျက်ရှိ

ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာ ပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင် များက ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ကြေညာရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ပြင်ပထွက်ခွာရာတွင် Mask များ တပ်ဆင်သွား လာကြရန်၊ မိမိတို့လက်များအား မကြာခဏဆေးကြောကြရန်၊ စျေးများနှင့်စားသောက်ဆိုင် များအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြ ရန်၊ ပြည်ပမှ ဝင်ရောက်လာသူများနှင့် ရခိုင်ပြည်နယ်စစ်တွေမြို့တို့မှ ဝင်ရာက်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးများသို့ အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့ကြရန် နှင့် ဒေသန္တရအမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေ များဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းကို Hand Speaker များဖြင့် ပြည်သူအများ သိရှိနိုင်သည့် မြို့နယ်အတွင်း လှည့်လည်ကြေညာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)