ကလေးဝ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ကွင်းဆင်း၍ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကျေးရွာများအတွင်း ကွင်းဆင်း၍ အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှု မရှိစေရေးတို့ အတွက် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ကလေးဝမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ပေါင်း ၁၂၅ ရွာရှိပြီး ပထမအကြိမ် မဲဆန္ဒရှင် စာရင်းအရ (၄၄၁၁၅) ဦး ရှိကြောင်းသိရသည်။
သက်ဟန်(ကလေးဝ)