ဒဂုံ(အရှေ့) ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် နှာခေါင်းစည်း(Mask)များတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈နာရီက ရွာသာကြီးရပ်ကွက်၊ အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်များ အတွင်းရှိ ကားမှတ်တိုင်များ၊ လမ်းအဝင် အထွက်များ၊ စျေးများ၊ လူအသွားအလာများသည့်နေရာများ၌ နှာခေါင်းစည်းMask မတပ်ဆင်သူ များအား နှာခေါင်းစည်း (Mask)တပ် ဆင်ရေးအတွက် ဒေသန္တရ ကျန်းမာရေးအဖွဲ့များ၊ ရပ်ကွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူစုဝေးရာ နေရာများ မဖြစ်ပေါ်စေရေး ရှောင်ကြဉ်ကြရန် မဖြစ်မနေအပြင်ထွက်ရမည် ဆိုပါကလည်း နှာခေါင်းစည်း Maskများ တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန် ဒေသန္တရ ကျန်းမာရေး အဖွဲ့များ၊ ရပ်ကွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ များက Mask Campaign ပြုလုပ်၍ နှာခေါင်း စည်း(Mask)မတပ်ဆင်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင် ကြရန် အသိပညာပေး၍ နှာခေါင်းစည်း (Mask) လိုအပ်သူများအား နှာခေါင်းစည်း(Mask)များ ဝေငှပေးခဲ့ခြင်းနှင့် အသိပညာ ပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)