စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်

စဉ့်ကိုင် သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း  စီးပွားရေးကုစားမှု (CERP)  အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သော တောင်သူများအား  မျိုးစေ့နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ပင်ကြီး နည်းပညာပေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးတိုးမင်းက  မိုးရာသီ မိုးစပါးအတွက် မျိုးစေ့ထုတ် ယူသုံးစွဲရန် ထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  မဲဆန္ဒနယ်အမှတ် () ဦးအောင်နိုင်လင်းက ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံတော်မှ နည်းလမ်းအမျိုးမျိုးဖြင့် ထောက်ပံ့ပေးအပ်လျှက်ရှိရာ တောင်သူများအတွက် စိုက်ပျိုးစရိတ် သက်သာစေရန် (CERP) အစီအစဉ်အရ ဌာနဆိုင်ရာအသီးသီးမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယခုစိုက်ပျိုးရေးဦးစီးဌာနမှ  မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် ထောက်ပံ့ပေးအပ်ရာတွင် စနစ်တကျဖြင့် မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်သွားရန်  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးတိုးမင်း၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (ဦးအောင်နိုင်လင်း၊ ကျောက်ဆည်ခရိုင်  စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စိုးစိုးနှင့်၀န်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြပြီး စိုက်ပျိုးစရိတ်များ၊  မျိုးခွဲထုတ်ပယ်ခြင်း၊ မျိုးသန့်စင်ခြင်းများအတွက် ကုန်ကျစရိတ်များကို တစ်ဧကလျှင် (၁၅၀၅၀၀) ကျပ်နှုန်းဖြင့် မိုးစပါးစိုက်ဧက (၃၈၂) ဧကအတွက် တောင်သူ (၉၁ဦးအတွက် စုစုပေါင်းငွေကျပ် (၅၇၄၉၁၀၀ဝိ/-) အား  တာ၀န်ရှိသူအသီးသီးမှထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း